Pages

Friday, May 18, 2012

ငြိမ်း

ကိုယ့်ကိုယ်ကို ဆေးမမီတော့ဘူးလို့တွေးခဲ့တာ
ကိုယ့်ရှင်သန်မှုကို ပြန်ရစ်လို့မရဘူးထင်ခဲ့တာ
မင်းဟာ ကြွက်ယောင်ဆောင်ပြီး
ငါ့ကလီစာတွေကို တတိတိကိုက်ဖြတ်ခဲ့တဲ့နတ်သမီးပေပဲ
လောင်နေတုန်းက တဟုန်းဟုန်းတောက်ခဲ့တဲ့ဒဏ်ရာတွေ
ယူပစ်လိုက်သလို ပျောက်သွားပေါ့
လောကကြီးတစ်ခုလုံး ကိုယ့်အတွက် သိမ်ငယ်ကျုံ့ဝင်ပေးခဲ့ရဲ့
ကိုယ့်မှာ ညကြီးမင်းကြီး တိမ်တွေပေါ် တက်ထိုင်နေမိတယ်

                                                                 ကိုသျှား

No comments:

Post a Comment